မဲဆောက်တွင် ဆေးလာကုသည့် PDF ရဲဘော်သုံးဦးကို ထိုင်းလ၀က ဖမ်းဆီး၊ BGF ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်

မဲဆောက်တွင် ဆေးလာကုသည့် PDF ရဲဘော်သုံးဦးကို ထိုင်းလ၀က က ဖမ်းဆီးကာ BGF ထံသို့ ပြန်လည်ပို့ဆောင်သဖြင့် လက်ရှိ ဖမ်းဆီးခံနေရကြောင်းကို အကြမ်းဖက်များနှင့်ဆက်သွယ်နေသူများထံမှသူများထံမှ သိရသည်။

အဆိုပါ PDF သုံးဦးသည် ဧပြီလ ၁ ရက်နေ့တွင် ဆေးခန်းသွားပြသည့်အချိန်တွင် လမ်းမှားကာ ဘန်ကောက်သွားသည့်လမ်းရှိ စစ်ဆေးရေးဂိတ်သို့ရောက်ရှိပြီး ထိုင်းလ၀က၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“ဧပြီလ ၁ ရက်နေ့မှာ လမ်းမှားပြီး ဂိတ်ကိုဖြတ်တော့ တောမောင်း (လ၀က) တွေက ဖမ်းပြီး တောမောင်းရုံးကို ပို့လိုက်တယ်။ ဒီဘက်က အဖွဲ့စည်းတွေကလည်း လိုက်လံကူညီဆောင်ရွက်ပေးတာကို မနက်ဖြန်မှလာပါဆိုတဲ့အတွက်ကြောင့် နောက်တစ်နေ့ သွားတဲ့အချိန်မှာ နံနက်အစောကြီးက လွတ်ပေးလိုက်တယ်လို့ ပြန်ပြောတယ်။ ဧပြီ ၄ ရက်နေ့ နံနက်“ ဟု PDF များလွတ်မြောက်ရေးဆောင်ရွက်နေသူများနှင့် နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ထိုင်းလ၀က ဖမ်းဆီးကာ BGF ထံကို ပြန်ပို့သည့် PDF ရဲဘော်များမှာ ကိုသီဟ ( ၃၈ )၊ ထက်နေဝန်း ( ၃၁) နှစ်၊ စောဖြိုးလေး (၂၆) နှစ်တို့ဖြစ်ပြီး ယင်းတို့မှာ တပ်မတော်စစ်ကြောင်းများထံတွင် ဖမ်းဆီးထားခံရပြီး မည်သည့်နေရာကို ရောက်ရှိနေသည်ကို MPA က စုံစမ်းလျက်ရှိနေပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယခုရက်ပိုင်းအတွင်း ထိုင်းရဲနှင့် လ၀က (တောမောင်း)များက ရွေ့ပြောင်းနေထိုင်သူများကို အဖမ်းအဆီးများလာပြီး တစ်ချို့ဖမ်းဆီးခံရသူများသည် မြန်မာဘက်ခြမ်း (BGF) သို့ ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

PDF တွေ CDM တွေတော့ ပြေးပေါက်မရှိတော့ဘူး….