ပခုက္ကူမြို့နယ် လမ်းပိုင်းတွင် အကြမ်းဖက် PDF များအား အသေဖမ်းဆီးရမိ

ဇန်နဝါရီ ၂ရက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ်ရှိ ကျွန်ချောင်း-သက်ကယ်ကျင်း လမ်းပိုင်းတွင် အကြမ်းဖက်
PDF များ မောင်းနှင်လာသော ဆိုင်ကယ် ၈ စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက်
PDF ၉ ဦးကို အသေဖမ်းဆီးရမိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ်အတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ကျွန်းချောင်း-
သက်ကယ်ကျင်းလမ်းအတိုင်း အကြမ်းဖက် PDF ၁၅ ဦးမှာ ဆိုင်ကယ် ၈ စီးဖြင့် ထွက်လာကြောင်း သတင်းရရှိ
သဖြင့် လမ်းကြောင်းအတိုင်း ကင်းပုန်းဝပ်စောင့်ဆိုင်းရာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF ၉ ဦးကို
အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် PDF ၉ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး၊ ပစ္စတို ၁ လက်၊ FCG 9 ၁ လက်၊ လုပ်သေနတ် ၅လက်၊
ဆိုင်ကယ် ၅ စီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။