မတ္တရာမြို့မဈေးတွင် PDF အကြမ်းဖက် သမားများက ပစ်ခတ်ထိုးခုတ်သွားသဖြင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

ဇန်နဝါရီ ၁၆ ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မတ္တရာမြို့မဈေးအတွင်းရှိ ဒေါ်အေးမြင့် ဆီချက်ဆိုင်တွင် နံနက် ၈ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက် သမားများက သေနတ်၊ ဓါးတိုဖြင့် ပစ်ခတ်ထိုးခုတ်သွားသဖြင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

အဆိုပါဆီချက်ဆိုင်တွင် အမှတ် (၃) မြို့လယ်ရပ်ကွက်နေ ဦးမျိုးမြင့်သိန်း (၄၆) နှစ် နှင့် အမှတ် (၅) ဘုရင့်နောင် (တ) ရပ်ကွက်နေ မနွယ်နီဝင်း (၃၃) နှစ်တိုသည် ဈေးရောင်းနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် PDF အကြမ်းဖက်သမား အမျိုးသား ၂ ဦးရောက်လာပြီး သေနတ်၊ ဓားတိုဖြင့် ပစ်ခတ်ထိုးခုတ်သွားခဲ့သဖြင့် ဦးမျိုးမြင့်သိန်းတွင် သေနတ်၊ ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး မနွယ်နီဝင်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။