ပြည်တွင်းပြန်လွှဲ အပိုဆောင်ငွေ၃၀ကျပ်ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်သတ်မှတ်

ဒီဇင်ဘာ ၂၄ရက်က နိုင်ငံရပ်ခြားကိုသွားရောက် အလုပ်လုပ်ကိုင်နေတဲ့ သူများရဲ့ ပြည်တွင်းပြန်လွှဲတဲ့ လုပ်ခလစာ
များအတွက် တစ်ဒေါ်လာ (၂၈၆၅)ကျပ်သတ်မှတ်ထားပြီး အဲ့ဒီ့အပေါ် ဗဟိုဘဏ်က အပိုဆောင်ငွေ၃၀ကျပ်နဲ့ CBဘဏ်
ကနေ ထပ်ဆောင်းငွေ ၁၀ကျပ် အပိုးဆောင်းထပ်မံပေးအပ်မယ်လို့ အသိပေးကြေညာလိုက်ပါတယ်။
သင်္ဘောသားလုပ်ခလစာများအပြင် ပြည်ပနိုင်ငံအသီးသီးတွင် သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများမှ
နိုင်ငံခြားဘဏ်များအသုံးပြုပြီးလွှဲပို့လာသောငွေများအတွက် သတ်မှတ်ထားခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
ပြည်ပနေနိုင်ငံသားများရဲ့ ပြည်ပတွင်နိုင်ငံခြားငွေဖြင့်ရရှိသော လစာဝင်ငွေသည် နှစ်စဉ်ပြဋ္ဌာန်းသော ပြည်ထောင်စုရဲ့
အခွန်အကောက်ဥပဒေအရ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိပြီး လစာခေါင်းစဉ်မှဝင်ငွေတွင် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊
ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊
ကော်မရှင်တို့ ပါဝင်ကြောင်း သိရပါတယ်။
နိုင်ငံခြားငွေ ဈေးကွက်အတွင်း ပြင်ပပေါက်ဈေးမှာ ဒေါ်လာ၂၈၀၀ကျော်ဝန်းကျင်ဈေးနဲ့ဈေးဖြတ်ပေးထားပေမယ့်
ကြိုက်ရောင်းကြိုက်ဝယ်စနစ်နဲ့ မြန်မာငွေနဲ့ ဒေါ်လာငွေအလဲအလှယ်ရှိနေကြောင်း သိရပြီး ပြည်ပကလွှဲတဲ့ အပေါ်
အပိုဆောင်းပေးမယ်ဆိုတဲ့ ငွေ၃၀ကျပ်နဲ့ ပြည်ပဘဏ်ကငွေ၁၀ကျပ်နှုန်းထားတွေကြောင့်လည်း လဲလှယ်တဲ့ဒေါ်လာငွေရဲ့
ငွေကြေးတန်ဖိုးဟာ တစ်ဒေါ်လာ၂၈၀၀ကျော်ဝန်းကျင်ပဲ ရှိနေတယ်လို့ နိုင်ငံခြားသုံးငွေ ဈေးကွက်ကနေသိရပါတယ်။