ကလေးတက္ကသိုလ်ဖြစ်စဉ်နှင့်ပတ်သက်၍ အဖွဲ့အစည်း ၂၀ မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

ဖေဖော်ဝါရီလ ၂၈ ရက်

PDF အမည်ခံအကြမ်းဖက်သမား ၁၃၀ ဦးခန့်သည် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက်မှ ဝင်ရောက်၍ ပညာသင်ကြားပြသနေသော ဆရာ၊ ဆရာမများ၊ တက်ရောက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်လို့ အဖွဲ့အစည်း ၂၀ မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်းလည်းသိရပါတယ်။