ကလေးဝမြို့ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ဦးအား ဖမ်းဆီးရမိ

ကလေးဝမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြစ်သာ စုပေါင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအဖွဲများသည် အများပြည်သူများ အေးချမ်းစွာ သွားလာနိုင်ရေးအတွက် လူ/ယာဉ်သွားလာမှုများအား စစ်ဆေး လျက်ရှိရာ ကလေးမြို့ဘက်မှ သန့်ဇင်မွှေးနှင့် မာမာအေး မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ မာမာအေး၏ လွယ်အိတ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၀ ဂရမ်ပါ ဆပ်ပြာခွက် ၁ ခွက်အား စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။