ကန့်ဘလူမှာ အကြမ်းဖက်ကိုသတင်းပေးသူ ၁ ဦးအားဖမ်းဆီးရမိ

ဇွန်လ ၂၂ ရက် မနေ့က နံနက် ၁၀ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်၊ ငါတိုကျေးရွာတွင် PDF အကြမ်းဖက်များနှင့် ပတ်သက်ဆက်နွယ်သူရှိ ကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ တိုးမြင့်အား နေအိမ်တွင်အသင့်တွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ရာတွင် လုံခြုံရေးအဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများအား PDF အကြမ်းဖက်များထံ သတင်းပေးပို့နေကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။