မဲပေးပိုင်ခွင့်ရှိသူအားလုံး အခွင့်အရေးများနစ်နာမှုမရှိစေရေးပြောကြား

အသက်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးဆိုသည်မှာ အခြေခံအခွင့်အရေးပင်ဖြစ်ကြောင်း နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ အဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲပြောကြားခဲ့ပါတယ်။

“ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ အခွင့်အရေးတွေနစ်နာမှုမရှိစေဖို့ဆိုတာ အခြေခံအခွင့်အရေးပဲဖြစ်ပါတယ်။ အသက်အရွယ်ကန့်သတ်မှုအရ ပြည့်မြောက်ပြီးတဲ့နိုင်ငံသားတိုင်း အခြေခံဥပဒေအရ မဲပေးပိုင်ခွင့်မရှိသူတွေမှအပ ပြည်သူတစ်ရပ်လုံး မိမိရဲ့ဆန္ဒကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။