ခေါက်ဆွဲကြော်စားပြီး အစာအဆိပ်သင့်ခဲ့တဲ့ ပရဟိတကျောင်းက ကလေးငယ် ၁၂၀

ခေါက်ဆွဲကြော်စားပြီး အစာအဆိပ်သင့်ခဲ့တဲ့ ပဲခူးမြို့နယ် အဆိပ်တောင်ကျေးရွာအုပ်စု သစ်နီကျေးရွာ (၅၃/၅)အနီးရှိ မေတ္တာကမ်းလက် ပရဟိတ မိဘမဲ့ခလေးများနှင့် မသန်စွမ်း ကလေးငယ်များ စောင့်ရှောက်ရေးကျောင်းက ကလေးငယ် ၁၂၀ ကျော်တို့ဟာ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်နေပြီဖြစ်လို့ ဒီနေ့ ဆေးရုံက ဆင်းရမယ်လို့ ကူညီဆောင်ရွက်ပေးနေသူ တွေထံမှ သိရပါတယ်။

အဆိုပါအစာအဆိပ်သင့်မှုဟာ ယမန်နေ့ (ဇူလိုင် ၄ ရက်) က ဖြစ်ပွားခဲ့တာဖြစ်ပြီး မွေးနေ့အလှူရှင်တစ်ဦး လာရောက်လှူဒါန်းတဲ့ ခေါက်ဆွဲကြော်ကို စားသုံးရာကနေ ကိုရင်အချို့နဲ့ ကလေး၊ လူကြီး စုစုပေါင်း (၁၂၆)ယောက်ကို ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ မြို့နယ်ကြက်ခြေနီအဖွဲ့၊ ပရဟိတအသင်းအဖွဲ့တွေက ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးမှုတွေကြောင့် အစာအဆိပ်သင့်သူ အားလုံး အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့တာကြောင့် ယနေ့ ဇူလိုင် ၅ ရက်နေ့မှာ ကျန်းမာရေးကောင်းမွန်သူတွေကို ဆေးရုံကနေ ဆင်းပေးဖို့ စီစဥ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

crd;