ဧပြီလ ၁၂ ရက်နေ့မှုခင်းသတင်းများ

-ဧပြီလ ၁၁ ရက် ၀၀၃၀ နာရီတွင် မြိတ်မြို့နယ်၊ ပဆွပ်ကျေးရွာတွင်နေထိုင်သော ထွန်းထွန်းစိုး(၄၃)နှစ်သည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် အင်အား ၁၃ ဦးခန့်သည် ပုလောမြို့နယ်ဘက်မှ စက်လှေဖြင့် ရောက်ရှိလာပြီး ဦးထွန်းထွန်းစိုး၏နေအိမ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ထွန်းထွန်းစိုးမှာ နေအိမ် နောက်တံခါးမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရှိရ။

-ဧပြီလ ၁၁ ရက် ၁၄၀၀ နာရီတွင် မင်းကင်းမြို့နယ်၊ ကံကျေးရွာတွင်နေထိုင်သော ဇော်ဇော်(၄၇)နှစ်၊ ဒေါ်နှင်းရီ(၄၉)နှစ်၊ ဇော်ဇော်(ခ) ငပေါင်(၁၇)နှစ်၊ တင်တင်အေး(၄၀)နှစ်၊ ကောင်းကျော်(၁၄)နှစ်၊ အောင်လင်း(၃၈)နှစ်၊ တင်ဝင်းခိုင်(၁၁)နှစ်၊ ဝေယံဦး(၁၃)နှစ်၊ ချစ်ပု(၁၅)နှစ်နှင့် ဆောင်းဦးလှိုင်(၁၄)နှစ်တို့ ၁၀ ဦးသည် ကျေးရွာ၏အနောက်မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ မြေပဲခင်း၌ မြေပဲနုတ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် အင်အား ၄၀ ဦးခန့်မှ လက်နက် ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ၎င်းတို့ ၁၀ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-ဧပြီလ ၁၁ ရက် ၁၈၅၀ နာရီတွင် မြစ်သားမြို့နယ်၊ မကျီးကန်ကျေးရွာတွင်နေထိုင်သော ဦးစိုးဝင်း(၅၅)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်တာ(၅၂)နှစ်တို့ ၂ ဦးသည် မြစ်သားမြို့မှ နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ကျေးရွာအနီးအရောက်၌ အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစိုးဝင်းတွင် ဝဲပါးကျည်ဖောက်ဝင်၊ နဖူးဖူးရောင်ဒဏ်ရာ(စိုးရိမ်ရ)၊ ဒေါ်ခင်တာတွင် ဝဲရင်အုံကျည်ဖောက်ဝင် ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရှိရ။