၁၉ နှစ်အရွယ်ကျောင်းသူမိန်းကလေးနဲ့ ဒိတ်လုပ်နေတယ်လို့ သတင်းထွက်နေတဲ့မင်းသားကြီးလီယိုနာဒို

အသက် ၂၅နှစ်အောက် မိန်းကလေးတွေနဲ့ပဲ ဒိတ်လုပ်တယ်လို့ နာမည်ကြီးတဲ့မင်းသားကြီး လီယို နာဒိုက နောက်ထပ်အသက်အရွယ်ကွာခြားလွန်းတဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး တွစ်တာအသုံး ပြုသူ တွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းကို ခံနေရပါတယ်။ အသက် ၄၈ နှစ်အရွယ် မင်းသားကြီးက အသက် ၁၉ နှစ်အရွယ် မော်ဒယ်မလေး အဒန် ပိုလာနီနဲ့ ဒိတ်လုပ် နေကြတယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေတာပါ။

ပရိသတ်တွေရဲ့ မှတ်ချက်ပေးရေးသားချက်တွေထဲမှာတော့ လီယိုရဲ့ လက်ရှိတွဲနေတယ်လို့ သတင်း ထွက်နေတဲ့ မိန်းကလေး အဒန် ပိုလာနီဟာ လီယိုရဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက အောင်မြင် အကျော် ကြားဆုံးတိုက်တန်းနစ် ရုပ်ရှင်ပြသခဲ့ချိန်မှာ သူမ မမွေးသေးဘူးလို့တောင် ရေးသားထားကြပါ တယ်။

“ မင်းသမီး ကိတ်ဝင်းစလက် တိုက်တန်းနစ်ကားနဲ့ အော်စကာ ဆန်ကာတင်ရွေးခံရချိန် အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ အခု လီယိုရဲ့ ချစ်သူမိန်းကလေးက အဲ့ဒီတုန်းက မင်းသမီးကိတ်ရဲ့ အသက် ထက် ၃ နှစ်တောင်ငယ်သေးတယ်။ လီယိုနာဒို ဒီကာပရီယိုရဲ့ လက်ရှိ မိန်းကလေးက တိုက်တန်းနစ် ရုပ်ရှင် ပြခဲ့တုန်းက အချိန်မှာ မွေးတောင် မမွေးသေးပါဘူး” လို့ ရေးသားထားပါတယ်။