ဟင်္သာတမြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့်ရေသန့် လုပ်ငန်းတွေအခက်တွေဖြစ်ပေါ်နေ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတဲ့အတွက် ရေသန့်စက်ရုံမှာရေသန့် ထုတ်လုပ်မှုတွေ အခက်အခဲဖြစ်နေတယ်လို့ ရေသန့် လုပ်ငန်း လုပ်ကိုင်တဲ့လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ဟင်္သာတမြို့နယ်မှာ မကြာခဏလျှပ်စစ်မီးပြတ်တောက်နေကာ မီးပြန်လာရင်လည်း ဗို့အားမပြည့်တဲ့အခြေအနေ တွေကြောင့်ရေသန့် လုပ်ငန်းတွေ လုပ်ကိုင်ရမှာအခက် အခဲတွေဖြစ်ပေါ်နေကာ မီးပုံမှန် မလာတာ(၁)နှစ်ကျော်ကျော်အထိရှိလာပြီလို့ ဟင်္သာမြို့ကရေသန့် လုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။

”အခု ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ ရေသန့်စက်က မီးအား ၂၂၀ ဗို့ အဝင်ရမှ ထုတ်လို့ရတာ၊ မီးစက်နဲ့ လုပ်ကိုင်ဖို့က လည်း ဒီစက်သုံးဆီဈေးတွေနဲ့ မတက်နိုင်ပါဘူး၊ ဒါမျိုး ဖြစ်လာတာကလည်း တနေ့မဟုတ်တော့ တော်တော် ခက်တယ် ၊ အခုက နှစ်စပိုင်းဖြစ်လို့ အခြေနေစောင့်လုပ် နေတယ်၊ အဆင်မပြေရင်တော့ ရပ်ပစ်ဖို့သာရှိတယ်။”လို့သူက ဆက်ပြောပါတယ်။