ဩဂုတ်လ ၅ ရက်နေ့မှုခင်းသတင်းများ

၄-၈-၂၀၂၃ရက် ညနေ ၄နာရီအချိန်တွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ စက်မှုနယ် မြေ၊ အမှတ် (စမ/၁၂၈)ရှိ “မြင့်ဦး”ကားဝပ်ရှော့ဆိုင်သို့ အကြမ်းဖက်သမား ကျား၂ဦးမှ ကားအရောင်ပြောင်းရန်ရောက်လာပြီး ကားအတွင်းပစ္စည်းများသွားရောက်ရှာဖွေနေစဉ်  ပေါက်ကွဲမှုဖြစ်ပွားပြီး ကျား ၁ဦးသေဆုံးကာ၊ တစ်ဦးမှာဆိုင်ကယ်ဖြင့်ပြန်ထွက်သွားကြောင်း သတင်းရရှိ။

၄-၈-၂၀၂၃ရက် နေ့လည် ၁၂နာရီ ၂၅မိနစ်တွင် ဝက်လက်မြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးတင်ထွန်းသည် ဇနီးဖြစ်သူ ဒေါ်ဝင်းထွေးနှင့်အတူနေအိမ်ရှေ့၌ ထိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ ၄ဦးမှ ဆိုင်ကယ် ၂ု စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးသွားတာကြောင့် ဦးဝင်းထွေးမှာ သေနတ်ဒဏ်ရာများနှင့် နေရာတွင်ပင်‌ သေဆုံး သွားကြောင်း သတင်းရရှိ။

၄-၈-၂၀၂၃ရက် ၀၇၃၀နာရီအချိန်တွင် မတ္တရာမြို့နယ်၊ အောင်သပြေကျေးရွာနေ ဦးသန်းထွေးသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ကျား ၃ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားတာကြောင့် ဦးသန်းထွေးမှာ နေရာ၌သေဆုံးသွားကြောင်း သတင်းရရှိ။

၄-၈-၂၀၂၃ရက် ၀၈၃၀နာရီတွင် မြင်းခြံမြို့နယ်၊ ညောင်ဝန်းကျေးရွာနေ ဦးတင့်နိုင်သည် စျေးဝယ်ရန် နဘူးအိုင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားစဉ် ကျေးရွာချင်းဆက်လမ်း အရောက်၌ အကြမ်းဖက်သမား ကျား ၁ဦးမှ ဆိုင်ကယ်ဖြင့်လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားတာကြောင့် ဦးတင့်နိုင်မှာ နေရာမှာပင် သေဆုံးသွားကြောင်း သတင်းရရှိ။

၄-၈-၂၀၂၃ရက် နေ့လည် ၁၂နာရီ ၁၅မိနစ်အချိန်တွင် တောင်သာမြို့နယ်၊ ထန်းပင် ကန်ကျေးရွာနေ ဦးသန်းဇော်သည် နေအိမ်ရှေ့၌ရှိနေစဉ် အကြမ်းဖက်သမား ၆ဦးခန့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားတာကြောင့် ဦးသန်းဇော်မှာ နေရာမှာပင် သေဆုံးသွားကြောင်း သတင်းရရှိ။