ကိုယ်ပေါ်ကျတဲ့ မီးခဲမှပူတယ်ထင်တဲ့ ပြင်သစ်

ယခုအချိန်မှာတော့ ပြင်သစ်နိုင်ငံအတွင်းမှာဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများကို ထိန်းချုပ်နိုင်ရန်အတွက် ဆိုရှယ်မီဒီယာ အချို့ကို ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။ ပြင်သစ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်လျက်ရှိပြီး အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိပါတယ်။ အခြားနိုင်ငံများကို မီဒီယာလွတ်လပ်ခွင့်/ ဒီမိုကရေစီခေါင်းစဉ်တပ် မြောက်ပင့်ပေးနေသည့် နိုင်ငံဖြစ်ပြီး သူတို့ နိုင်ငံလည်းဖြစ်ရော နာတတ်လိုက် သိတတ်လိုက်တာ အစည်းအဝေးတွေကို ခနခနခေါ်ပြီးဆောင်ရွက်နေရတယ်။ ဝဋ်လိုက်တာ သူများနိုင်ငံတွေကို လုပ်ခဲသမျှ။ ပြင်သစ်သမ္မတမှာ အလုပ်တွေရှုပ်နေတာ အောက်မှာသာ ဖတ်ကြည့်တော့….

ပြင်သစ်သမ္မတ မက်ခရွန်သည် ပြင်သစ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးအများအပြားကို ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းက သမ္မတ အိမ်တော် Élysée နန်းတော်သို့ ခေါ်ယူ၍ နောက်ဆုံးအခြေအနေများကို လေ့လာခဲ့ပြီး တိုင်းပြည်ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိအောင် အစွမ်းကုန်ဆောင်ရွက်ရန်၊ တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိအောင် အမြန်ဆုံးဆောင်ရွက်ရန်အစိုးရကို ပြောကြားခဲ့ပါတယ်။

မက်ခရွန်က ဇူလိုင် ၃ ရက်တွင် ပြင်သစ် အောက်လွှတ်တော် ဥက္ကဋ္ဌ Yaël Braun-Pivet ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ Gérard Larcherတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး ဇူလိုင် ၄ ရက်တွင် အဓိကရုဏ်းဖြစ်ပွားမှုဒဏ် ဆိုးဝါးစွာ ခံခဲ့ရသော မြို့၊မြို့နယ် ၂၂၀ ကျော်၏ တာဝန်ခံများကို တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmaninက ဇူလိုင် ၂ ရက် ညပိုင်းတွင် တစ်နိုင်ငံလုံး၌ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၄၅,၀၀၀ ဖြန့်ကျက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဇွန် ၂၇ ရက်က ပြင်သစ်နိုင်ငံ Hauts-de-Seine ပြည်နယ် Nanterre မြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကားတစ်စီးကို တားဆီးစဉ် သေနတ်ပစ်ခတ်မှုကြောင့် ယာဉ်မောင်းနေသည့် အသက် ၁၇ အရွယ် လူငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ အချင်းဖြစ်ရပ်သည် ပြင်သစ်နိုင်ငံ အလွှာအသီးသီးက ပြင်းပြင်းထန်ထန် တုန့်ပြန်မှုများ ဖြစ်ပွားစေခဲ့တာပဲဖြစ်ပါတယ်။