မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်ဩဂုတ် ၅ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည်  ကစားသမား ၁၈ဦး ၊ အုပ်ချုပ်၊နည်းပြ အဖွဲ့ဝင် ၁၀ဦးတို့ဖြင့် Continental Futsal Championship 2023 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စု ပွဲစဉ်များအဖြစ် ဩဂုတ် ၇ ရက်တွင် ထိုင်းအသင်းနှင့်လည်းကောင်း၊ ဩဂုတ် ၈ ရက်တွင် ဆော်လမွန်ကျွန်းစု အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။