တရားမဝင် လုပ်ငန်းသုံး၊ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

သြဂုတ်လ ၂ ရက် တစ်ရက်တည်းတွင် ငွေကျပ် သိန်း ၇၉၀၀ ကျော်တန်ဖိုးရှိ တရားမဝင် လုပ်ငန်းသုံး၊ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများနှင့် ယာဉ်များကို သိမ်းဆည်းရမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဘားအံမြို့ ကမော့ကစင်ကျေးရွာ၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Cotton Fabric Printed ၄၀၀ ကီလိုဂရမ်၊ Rubber တုံး ၂၀ အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၂၂၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

crd.mht