မင်္ဂလာရှိသောနံနက်ခင်းလေးပါ

🌺ကျက်သရေရှိအောင်နေပါ🌺

မဟုတ်တာတွေလုပ်လို့ရလာတဲ့
ပစ္စည်းဥစ္စာတွေထက်

ဘာမှမရှိတဲ့ ရိုးသားခြင်းဂုဏ်က
အင်မတန် တန်ဖိုးရှိပါတယ် ။

မာနတွေနဲ့ပြိုင်နေတဲ့
အသုံးအဆောင်ယောင်တွေထက်

ပြိုင်စရာမရှိတဲ့ ကိုယ့်ရဲ့ဘ၀က
ပိုပြီးတော့ အေးချမ်းပါတယ် ။

အပေါ်ယံတွေနဲ့ ကြွားဝါနေတဲ့
တစ်ချို့လူတွေထက်

မထင်မရှားနေတတ်တဲ့ကိုယ့်ဘ၀က
ပိုပြီးတော့ အထိခိုက်နည်းပါတယ် ။

မနာလိုမုန်းတီးစိတ်နဲ့တိုက်ခိုက်နေတဲ့
တစ်ချို့လူတွေထက်

၀မ်းမြောက်ခြင်းနဲ့နေတဲ့ ကိုယ့်ရဲ့စိတ်က
ပိုလေးစားစရာကောင်းပါတယ် ။

စားနိုင်သွားနိုင်၀တ်နိုင်တဲ့သူထက်
လှူနိုင် ကူနိုင် မျှနိုင်တဲ့သူက
ပိုပြီးတော့ ကျက်သရေရှိပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏