လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ ညပိုင်းအအေးပိုမည်

ဒီဇင်ဘာလ ၃၀ ရက်နေ့ကစပြီး လာမည့် ၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကာ အအေးပိုလာမည်ဟု မိုး/ဇလက ဖော်ပြထားကြောင်းသိရပါတယ်။