အကြမ်းဖက်စခန်းအားရှင်းလင်းပြီး အပြစ်မဲ့ပြည်သူ ၆ ဦးအားကယ်တင်နိုင်ခဲ့

မုံရွာမြို့နယ် ညောင်ပင်ရွာသစ်ကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်း လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသည့်အပြင် အကြမ်းဖက်အဖမ်းဆီးခံ ပြည်သူ ၆ ဦး အား ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဖြစ်စဉ်မှာ

ဒီဇင်ဘာလ ၂၉ ရက် နံနက် ၅ နာရီခန့်တွင် မုံရွာမြို့နယ်တွင် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့များသည် ညောင်ပင်ရွာသစ်ကျေးရွာအနီး အကြမ်းဖက် pdf များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ-

-အကြမ်းဖက် pdf အလောင်း-၁ လောင်း
-အကြမ်းဖက်ဖမ်းဆီးခံပြည်သူ- ၆ ဦး
-RPG သေနတ် -၁ လက်
-လက်လုပ်သေနတ် -၃ လက်
-၅.၅၆ မမကျည် -၁၇၀၀ တောင့်
-အမ်-၂၂ ကျည် -၂၀၀ တောင့်
-စနိုက်ဘာကျည် -၄၀ တောင့် -RPG ဒုံးသီး ၁ လုံး
-လက်လုပ်ရှော့တိုက်ဒုံးသီး ၁ လုံး
-လက်ပစ်ဗုံး ၁ လုံး
-ကား ၇ စီး
-တဲ ၄ လုံး
-WY အမျိုးအစား မူးယစ်ဆေးပြား ၂၀၀၀ ပြား
-ဘိန်းဖြူမှုန့် (ပက်နဆလင်ပုလင်း) ၁၀ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။