ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ အပြင်ဘက်တိုက်တန်း ဈေးဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ရွှေဘိုမြို့မဈေး အရှေ့မျက်နှာ အပြင်ဘက်တိုက်တန်း၊ ဒေါ်မာမာအေး ပိုင်ဆိုင်သည့် အောင်မြန်မာစတီးနှင့် ပလပ်စတစ်ရောင်းဝယ်ရေးဆိုင်တွင် လုံခြုံရေးမီးမှ တဆင့် ရေခဲထည့် သည့်ဖော့ပုံးအား အပူကူးစက်ရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် တာဝန်ရှိသူများမှ မီးငြိမ်းသတ်ခဲ့ရာ ည ၉ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ရေခဲထည့် ဖော့ပုံး ၃ ပုံး၊ အဝတ်အထည် ထည့်သည့် ပလပ်စတစ်ပုံး ၆ ပုံး၊ ပလပ်စတစ်ပေပါ ၂ ပုံး၊ မီးလောင်ဆုံးရှုးခဲ့ပြီး မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်မာမာအေးအား ဥပဒေနှင့်အညီ အရေးယူ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။