နိုဝင်ဘာ ၂၀ ရက်နေ့မှုခင်းသတင်းများ

– နိုဝင်ဘာ ၁၉ ရက် ၁၅၀၀ နာရီတွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်နေ ကျော်ဇင်ဦး(၂၃)နှစ်သည် ရပ်ကွက်အတွင်းရှိ ကိုညီသူ စားသောက်ဆိုင်၌ စားသောက်နေစဉ် အကြမ်းဖက်သမား၁ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ကျော်ဇင်ဦးတွင် ဦးခေါင်း၊ ဝဲနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရှိရ။

-နိုဝင်ဘာ ၁၉ ရက် ၀၉၂၀ နာရီတွင် အင်းတော်မြို့နယ်၊ မော်လူးမြို့ စိုက်ပျိုးရေးတာဝန်ခံ ဒုဦးစီးမှူး ဦးသာဆန်း(၅၄)နှစ်၊ မင်းသုခရပ်ကွက်၊ မော်လူးမြို့နေသူသည် ရပ်ကွက်အတွင်းရှိ “တွယ်တာလင်း” လက်ဘက်ရည် ဆိုင်၌ လက်ဘက်ရည်သောက်ပြီး ပြန်လည်ထွက်ခွာစဉ် PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၅ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဦးသာဆန်းအား မော်လူးမြို့နယ်၊ သူရောင်း ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၉ ရက် ၁၈၃၀ နာရီတွင် ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်တွင် နေထိုင်သော ဦးစံထွန်း (၆၉)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၃ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ  ဦးစံထွန်းတွင်  ယာပုခုံး၊ ယာလက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၉ ရက် ၁၂၀၅ နာရီတွင် Drone ယာဉ် ၁ စင်းသည် ကျိုက်မရော မြို့နယ်၊ ကုလားကုန်းကျေးရွာနှင့် ကျွန်းရွာ လမ်းဆုံဘက်မှ ပျံသန်းရောက်ရှိလာပြီး ဗုံးသီး ၁ လုံး ပစ်ချဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဗုံးသီးမှာ လက်ဘက်ရည်ဆိုင်ခန်း အမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဆိုင်ခန်းအမိုးသွပ် ၃ ပေခန့်ပေါက်ပြဲခဲ့ပြီး လက်ဘက်ရည်ရောင်း နေသူ မသင်းသဇင်ဖူး(၁၉)နှစ်၊ မြို့မ(၁)ရပ်ကွက်နေသူတွင် ဦးခေါင်း၊ ယာပုခုံး ဗုံးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၉ ရက် ၁၄၀၀ နာရီတွင် ပေါက်မြို့၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ၊ ပေါက်မြို့နယ်၊ အုန်းတော(တ)ကျေးရွာ အနီး၊ ကျောက်ထု – ပခုက္ကူသွားကားလမ်း မိုင်တိုင်အမှတ်၊ (၃၄/၆)နှင့် (၃၅/၃)ကြား၌ တည်ဆောက်ထားသော အရှည် ၃၁၈၀ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၂၀ ပေ၊ တံတားခံနိုင်ရည် ၆၀ တန်ချိန်ရှိ  အမှတ်(၁)ပေါက်တံတား (အုန်းတော)အား အကြမ်းဖက်သမား pdf များမှ လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့သဖြင့် အလျား ၈ ပေ၊ အနံ ၆ ပေခန့်ပျက်စီးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၉ ရက် ၁၆၃၀ နာရီတွင် မြင်းခြံမြို့နယ်၊ ညောင်တိုကျေးရွဦအား အကြမ်းဖက်သမားများမှ Drone ယာဉ် ၁ စင်းဖြင့် Drop ဗုံး ၁ လုံး ပစ်ချတိုက်ခိုက်၍ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗုံးသီးများမှာ ညောင်တိုကျေးရွာနေ ဦးမြင့်ကျော်(၂၂)နှစ်၏ နေအိမ်ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ဦးမြင့်ကျော်တွင် လည်ပင်း ဗုံးစဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၉ ရက် ၀၈၀၀ နာရီတွင် ညောင်လေးပင်မြို့နယ်၊ ဆုံကုန်းကျေးရွာမြောက်ဘက်၊ ကွင်းအမှတ်(၁၈၇-က)ရှိ ၂၃၀ KV မဟာဓာတ်အားလိုင်း တိုင်အမှတ်(၄၄)နှင့် တိုင်အမှတ်(၄၅)တို့အား အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် မဟာဓာတ်အားလိုင်း တိုင်များမှာ အောက်ခြေတိုင် ၄ ချောင်း ပြတ်တောက်ကာ ပြိုလဲပျက်စီးခဲ့ကြောင်း သိရှိရ။