မြိတ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

အောက်တိုဘာ ၂၅ ရက် နံနက် ၁၁ နာရီ ၅၁ မိနစ်တွင် မြိတ်မြို့နယ်၊ တုန်းဗျောအုပ်စု၊ တောင်ပုရွာအနီး၌ စစ်ကူလာရောက်သည့် တပ်မတော်ကားတစ်စီးကို တနင်္သာရီ ပကဖနှင့် ပုလော ပကဖအဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလ ၂၅ ရက်မှာ မြိတ်မြို့နယ်၊ တောင်ပုရွာအနီးတွင် နယ်မြေရှင်းလင်းရေးပြုလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ချောင်းမြောင်းပြီး မိုင်းဆွဲတိုက်ခိုက်သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ပြီး အများအထင်မှားအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။