သတိပြုရမည့် သတင်းတု/သတင်းမှား အန္တရာယ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ-

  • ဇန်နဝါရီလ ၂၈ ရက်နေ့၌ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သမင်ခြံရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တပ်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် ချောင်းမြောင်းနေတဲ့ PDF အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၃၅ နှစ်အရွယ် PDF ၁ လောင်း၊ လက်လုပ် သေနတ် ၁ လက်၊ ကျည်အိမ် ၇ ခု၊ လက်လုပ်မိုင်း ၄၅ လုံး၊ လက်ပစ်ဗုံး ၁ လုံးနှင့် ပြောက်ကျားယူနီဖောင်း ၂ စုံတို့ သိမ်းဆည်းရရှိခြင်းကို RFA မှ အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများပြည်သူများ အထင်အမြင်လွဲမှားစေရန် အပုတ်ချကာ PDF သေတာကို ပြည်သူပါဆိုပြီး လိမ်ညာဝါဒဖြန့်ရေးသားထားခြင်းဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၂၈ ရက်နေ့၌ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာရဲစခန်းအား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး၊ ဒေသခံအမျိုးသမီး ၁ ဦးနှင့် ကလေး ငယ် ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကို Khit Thit မှ အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်၂ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာဝါဒဖြန့်ရေးသားထားခြင်းဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၂၃ ရက်နေ့၌ ပြင်ဦးလွင်မြို့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က အငယ်တန်းစာရေး မနန်းစုဝေသည် နေမကောင်းသဖြင့် ဆေးအနားဖြင့်နေရစဉ် ၂၈ ရက်နေ့တွင် အစာမစားနိုင်သောကြောင့် ဆေးစစ်ကုသရာ ဓမ္မတာမလာတာ ၂ လခန့်ရှိကြောင်းသိရှိရသဖြင့် ဆေးခန်းတွင် ဆေးကုသလျက်ရှိပြီး မသက်သာ၍ ၂၉ ရက်နေ့တွင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ စစ်သင်တန်းတက်စဉ် အမောဖောက်သေဆုံးတယ်ဆိုပြီး အပုတ်ချကာ လိမ်ညာဝါဒဖြန့်ရေးသားထားခြင်းသာဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၂၈ ရက်နေ့၌ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ မင်းရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများရေးသားထားခြင်းဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၂၈ ရက်နေ့၌ ပေါင်းတည်မြို့နယ်၊ တောင်ဘို့လှအုပ်စု၊ အုတ်တွင်းကုန်းရွာတွင် ဒေသခံများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်းမရှိဘဲ RFA မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်မှားအောင် အပုတ်ချကာ သတင်းအတုများရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၂၉ ရက်နေ့၌ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNU/ PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ KNU/ PDF ၃ ဦး သေဆုံးကာ ၁၂ ဦးကျော် ဒဏ်ရရရှိသွားကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ KNU/ PDF သေတာကို Khit Thit မှ ဗြောင်လိမ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးတယ်ဆိုပြီး သတင်းအတုများရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၂၅ ရက်နေ့၌ ငါးဇွန်မြို့နယ်၊ မရိုးကုန်းကျေးရွာနှင့် နတ်ကြီးရွာအကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိသော်လည်း Khit Thit မှ မိုင်းဆွဲခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ သတင်းအတုများရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၂၇ ရက်နေ့၌ တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိသော်လည်း Khit Thit မှ တိုက်ခိုက်ခံရ၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ သတင်းအတုများရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၂၈ ရက်နေ့၌ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNU/ PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ကာ သတင်းအမှားများရေးသားထားခြင်းသာဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၃၀ ရက်နေ့၌ မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit မှ ဖြစ်စဉ်မရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံးတယ်ဆိုပြီး သတင်းအတုများရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၂၉ ရက်နေ့၌ မလှိုင်မြို့နယ် သုံးထောင်ကျေးရွာအား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲ ၁၃ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများရေးသားဖြန့်ချိထားခြင်းသာဖြစ်ပါတယ်။