နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ ထုတ်ပြန်ချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးကို ကျန်းမာရေးအရ အနားယုခွင့်ပြုခဲ့ပြီး  ရွေး/ကော် ဥက္ကဋ္ဌအသစ်အဖြစ် ဦးကိုကို ကိုခန့်အပ်လိုက်ပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးနေရာတွင် ဦးအောင်အောင်ကို ဝန်ကြီးချုပ်အဖြစ် အစားထိုးခန့်အပ်လိုက်ပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးသန်းဝင်းကို အနားယူခွင့်ပေးလိုက်ပြီး ဦးကျော်မျိုးထွဋ်ကို ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ်ခန့်အပ်လိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ဦးမျိုးလှိုင်ကိုခန့်အပ်လိုက်ပြီး  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးထိန်လင်းကိုခန့်အပ်လိုက်ပါတယ်။

နစက ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းကိုလည်း တာဝန်မှအနားယူခွင့်ပြုလိုက်ပါတယ်။