ဇန်နဝါရီလ ၃၁ ရက်နေ့မှုခင်းသတင်းများ

-ဇန်နဝါရီလ ၃၀ ရက် ၁၈၀၀ နာရီတွင် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းပေါ်ရှိ STAR စားသောက်ဆိုင်၌ ဦးထူးနိုင်ဝင်း(ခ)ငထူး(၂၆)နှစ်၊ ဆည်ရွာကျေးရွာ၊ ပခုက္ကူမြို့နယ်နေသူသည် တစ်ဦးတည်း ဘီယာထိုင်သောက် နေစဉ် အကြမ်းဖက်သမား ၁ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ရာ ဦးထူးနိုင်ဝင်း(ခ)ငထူး တွင် နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့။

-ဇန်နဝါရီလ ၃၀ ရက် ၁၄၀၀ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၆၈ x ၆၉ လမ်းကြား၊ ၁၀၉ လမ်းတွင် နေထိုင်သော ဦးစည်သူဝင်း(၃၀)နှစ်အား အကြမ်းဖက်သမား ကျား ၂ ဦးမှ ပစ္စတို(စိစစ်ဆဲ)ဖြင့် ၃ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစည်သူဝင်း တွင် နားထင်၊ ယာဝမ်းဗိုက်၊ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့။

-ဇန်နဝါရီလ ၃၀ ရက် ၁၈၄၅ နာရီတွင် ပျော်ဘွယ်မြို့နယ်၊ တောင်ညောင်ကုန်းကျေးရွာနေ ဦးတင်မိုးအောင်(၅၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ  ဦးတင်မိုးအောင်တွင် ယာမျက်ခုံး၊ ရင်အုံ၊ ယာနောက်ကျောကျည်ဖောက်ဝင် ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့။

-ဇန်နဝါရီလ ၃၀ ရက် ၁၄၀၀ နာရီတွင် လားရှိုးမြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၁၀)၊ သီရိလမ်းလမ်းရှိ ဦးရန်ကူးမား ပိုင်ဆိုင်သည့် “RD”စက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေးဆိုင်သို့ အကြမ်းဖက်သမား ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိ လာခဲ့ပြီး ဆိုင်ကယ် ၁ စီးအား ဆိုင်ရှေ့၌ ရပ်တန့်ထားခဲ့၍ ဆိုင်ကယ် ၁ စီးဖြင့် ၃ ဦးစီးနင်း၍ ထွက်ခွာသွား ခဲ့စဉ် ဆိုင်ဘေး၌ရပ်တန့်ထားသည့် ALPHARD(အဖြူရောင်)ယာဉ်အောက်သို့ လက်လုပ်ဗုံး (စိစစ်ဆဲ)အား ပစ်ထည့်သွားခဲ့ကြောင်း၊ ၎င်းတို့ထွက်ခွာသွားပြီးနောက် ရပ်တန့်ထားသည့်ဆိုင်ကယ်နှင့် ALPHARD (အဖြူရောင်) ယာဉ်အောက်တို့မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဦးရန်ကူးမား(၇၁)နှစ်တွင် ဘယ်ဘက်ပေါင်းပေါက်ပြဲဒဏ်ရာ၊ ဘယ်လက်တစ်တောင်ဆစ်၊ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ ဦးကျော်မျိုးထွဋ်(၃၂)နှစ်တွင် ညာတစ်တောင် ဆစ်မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မောင်ကျော်မင်းရှိန်(၁၁)လတွင် ဘယ်ခြေတောက်ခြေဖဝါး၊ ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်သန်းနု(၄၅)နှစ်တွင် လည်ပင်းဖောက်ဝင်ဒဏ်ရာ၊ ဆီးစပ်ဖောက်ဝင်ဒဏ်ရာ၊ ဝဲ/ယာပေါင်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးကျော်သူရ(၃၆)နှစ်တွင် ဘယ်လက်တစ်တောင်ဆစ်၊ ဘယ်ဝမ်းဗိုက်၊ ညာဘက်ဂုတ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။

-ဇန်နဝါရီလ ၃၀ ရက် ၀၉၃၀ နာရီတွင် ရွှေဘိုမြို့နယ်၊ ပဂိုးကုန်းကျေးရွာနေ ဒေါ်ဖြူနှင်းဖွေး(၂၇)နှစ်နှင့် ဒေါ်ရှမ်းမ(၆၅)နှစ်တို့ ၂ ဦးသည် ပဂိုးကုန်းကျေးရွာမှ ရုံးတောကျေးရွာသို့ ဆိုင်ကယ်ဖြင့် ရွှေဘို-ဆိပ်ခွန်သွားလမ်းအတိုင်း ထွက်ခွာ လာစဉ် အိုးဘိုကျေးရွာရှိ ဘက်စုံစိုက်ပျိုးရေးခြံအနီးအရောက်၌ လမ်း၏ ယာဘက်မှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ဒေါ်ဖြူနှင်းဖွေးတွင် ယာလက်ဖျံ၊ ယာလက်ဖမိုးမိုင်းစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဒေါ်ရှမ်းမတွင် ယာတင်ပါး၊ ယာခြေမ/ခြေညိုး၊ ယာပေါင်မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) တို့ ရရှိခဲ့။

-ဇန်နဝါရီလ ၃၀ ရက် ၁၆၂၀ နာရီတွင် မတ္တရာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်သို့ အကြမ်းဖက်အဖွဲ့များမှ  အမြင့်ပေ မီတာ ၄၀၀ ခန့်မှ Drone ၁ စီးဖြင့် Drop Bomb ၂ လုံးချ ပစ်ချတိုက်ခိုက်ခဲ့ရာ မကျည်းပင်ပေါ်သို့ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဦးစိုးလင်းကျော်(၃၇)နှစ် တွင် ယာလက်ဖျံဗုံးစရှပ်မှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ထက်ဝေလျှံဗိုလ်(၂၅)နှစ်တွင် ယာတံတောင် ဗုံးစရှပ်မှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် အောင်မြေသုခဘုန်းကြီးကျောင်းဝန်းအတွင်း ဗုံး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ရာ အရှင်ယက္ခ(၁၂)နှစ်၊ ဝါတော် ၅ ဝါတွင် ယာပါးဗုံးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ အသီးသီး ရရှိခဲ့။

-ဇန်နဝါရီလ ၃၀ ရက် ၁၁၀၀ နာရီတွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၆၅၀၀ ခန့်အကွာ နရွဲပင်တံတားသို့ နတ်သံကွင်းတံတားပြုပြင်ရန် ကျောက်ကားများ ရောက်ရှိစဉ် သံဘောင်ဘေလီ အမျိုးအစား အရှည်(၃၀)ပေ၊ အကျယ်(၂၀)ပေ၊ ခံနိုင်ဝန် (၃၀)တန်ရှိသည့် နရွဲပင်တံတားမှာ KNLA တမဟ(၃)၊ ရင်း(၈/၉)နှင့် အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲခဲ့ သဖြင့်  အရှည်(၂၀)ပေ၊ အကျယ်(၂၀)ပေခန့် ပေါက်ကွဲပျက်စီးခဲ့။