ကန်ပက်လက်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီ ၂၇ မိနစ်မှ နံနက် ၈ နာရီ ၅၂ မိနစ် အချိန်အထိ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မောချောင်းနှင့် လှိုင်ဒုတ်အကြား တပ်မ ၈၈ ၊ ခလရ ၃၀၄ ပူးပေါင်းအင်အား ၁၀၀ ခန့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ် များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အတူ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ ၊ ၃၁၇ ပူးပေါင်းတပ်အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို လဲပုံးလမ်းခွဲအနီး PDF မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံစောင့်ကြိုပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၄ ရက်နေ့၌ ကန်ပက်လက်မြို့နယ်၊ မောချောင်းနှင့် လှိုင်ဒုတ်အကြား ၊ လဲပုံးလမ်းခွဲအနီးတို့တွင်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ PDF တွေ အလှူခံတောင်းစားလို့ရအောင် Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးတယ်လို့ လုပ်ဇာတ်ဆင်ပြီး ရေးသားထားခြင်းသာဖြစ်ပါတယ်။