လောင်းလုံးမြို့တိုက်ပွဲများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးတယ်လို့ “DVB” မှ သတင်းအတုရေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် တည်ရှိရာ နဘုလယ်ဒေသနဲ့ လောင်းလုံးမြို့နယ် နခံတောကျေးရွာ အုပ်စုတို့ကို စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ တိုက်ပွဲ ၅ ကြိမ်ထက် မနည်း ဖြစ်ခဲ့ပါ တယ်။ စစ်တပ်စစ်ကြောင်း စဝင်လာတဲ့ ဇူလိုင်၁၂ ရက်ကနေ ၁၇ ရက်အထိ ၆ ရက်ဆက်တိုက် လောင်းလုံးမြို့နယ် နခံတောကျေးရွာ အုပ်စု၊ ခမောင်းတောင်ရွာ၊ မောင်းမကန်ရဲစခန်းနဲ့ ရေဖြူမြို့နယ်၊ နလု လယ်ဒေသ ရေနက်ဆိပ်ကမ်းရဲစခန်းစတဲ့ နေရာတွေမှာ PDF တွေက လက်ဦးမှုယူကာ တိုက်ခိုက်မှု ၈ ကြိမ်နဲ့ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၁ဝ ဦး သေဆုံးတယ်လို့ DVB မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်၁၂ ရက်ကနေ ၁၇ ရက်အထိ လောင်းလုံးမြို့နယ် နခံတောကျေးရွာ အုပ်စု၊ ခမောင်းတောင်ရွာ၊ မောင်းမကန်ရဲစခန်းနဲ့ ရေဖြူမြို့နယ်၊ နလုလယ်ဒေသတို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။ တိုက်ပွဲဖြစ်စဉ်မရှိဘဲ “DVB” မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးတယ်ဆိုပြီး လူအထင်ကြီးအောင်လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။