နတ်မောက်မြို့နယ်၊ကျောက်အိုးရွာနေ ပြည်သူ ၃၀ ကျော်ကို စစ်တပ်ကဖမ်းဆီးကာ နေအိမ် ၆ လုံးမီးရှို့ခဲ့တယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် နတ်မောက်မြို့နယ် ကျောက်အိုးရွာ နှင့် အောင်ချမ်းသာရွာ အကြားတွင် တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ကျောက်အိုးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာနေပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ နေအိမ် ၆ လုံးကို ညပိုင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၈ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် နတ်မောက်မြို့နယ် ကျောက်အိုးရွာ နှင့်အောင်ချမ်းသာရွာအကြားတွင် တပ်မတော်စစ်ကြောင်းကို PDF များမှ မိုင်းဆွဲတိုက်ခိုက်ပြီး ထွက်ပြေးသွားခဲ့ကြောင်းနှင့် ကျေးရွာနေပြည်သူ ၃၀ ကျော်ကို စကစကဖမ်းဆီးထားခြင်း အပါအဝင် နေအိမ်များကိုလည်းမီးရှို့ခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ PDF ဂုဏ်ဖော်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြည်သူများမုန်းတီးအောင်ရည်ရွယ်လုပ်ကြံဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။

MIsinformation

FACT-CHECK