NCA နှင့်စပ်လျဉ်းပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ

နေပြည်တော်၌ သြဂုတ်လ ၃၁ ရက်မှာ NCA နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၅ ဖွဲ့တက်ရောက်ခဲ့ပြီးတော့ ပြောရေးဆိုခွင့်ရှိသူတွေက NCA စာချုပ် ပျက်ပြယ်မှုမရှိကြောင်းနဲ့ (EAO) အများစုကလည်း NCA ကို ဆက်လက်အကောင် အထည်ဖော်သွားမယ်လို့ဆိုပါတယ်။
NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၂ ဖွဲ့ ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့သဖြင့် အဖွဲ့ ၁၀ ဖွဲ့ရှိပြီဖြစ်ပါတယ်။