ပရီးမီးယားလိဂ်အပြောင်းအရွှေ့သတင်းများ

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း (၅)ဦးမြောက်ကစားသမားခေါ်ယူမှုအဖြစ် ပြင်သစ်ကလပ်ရန်းစ်အသင်းမှ ပြင်သစ်လူငယ်ကွင်းလယ်လူ အူဂိုချူ (၁၉ နှစ်)အား ပြောင်းရွှေ့ကြေး ယူရို (၂၇)သန်းဖြင့်ခေါ်ယူကာ ၂၀၃၀ ခုနှစ်အထိသက်တမ်းရှိမည့် (၇)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း (တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ပါဝင်) အတည်ပြုကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အူဂိုချူမတိုင်မီကာ အန်ကွန်ကူ၊ ဂျက်ဆန်၊ ဒီယေဂိုမိုရီရာနှင့် အိန်ဂျလိုဂါဘရီယဲလ်တို့ကိုခေါ်ယူထားပြီး အူဂိုချူသည် ချယ်လ်ဆီးအသင်းနှင့်အမေရိကန်နိုင်ငံတွင်ပူးပေါင်းခဲ့ကြောင်းသိရသည်။