မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊နတ်မောက်လမ်းနှင့် ၁၈ လမ်းထောင့်နေအိမ်တွင်ဖေဖော်ဝါရီလ ၂၃ ရက်နံနက် ၇း၂၀ နာရီအချိန်က မီးလောင်မှုဖြစ်ပွားရာ အိမ်ရှင်အမျိုးသမီး မီးလောင်သေဆုံးကြောင်းသိရသည်။

ဒေါ်ခင်ပိုက် (အယ်လ်ဇိုင်းမားအတိတ်မေ့ရောဂါသည်) သည် နေအိမ်အပေါ်ထပ်တွင် ဖယောင်းတိုင်ထွန်းထားရာမှ ဖယောင်းတိုင်လဲကျပြီး မွေ့ယာနှင့်အဝတ်အစားများကို ကူးစက်ပြီး နေအိမ်အပေါ်ထပ်မီးလောင်ခဲ့သည်။

မီးသတ်အဖွဲမှ မီးသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်နှစ်စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၇း၃၀ နာရီတွင်မီးငြိမ်းခဲ့သည်။ အိမ်ရှင် ဒေါ်ခင်ပိုက် (၇၉ နှစ်) မှာမီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းသိရှိရပါတယ်။