စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့၊ အောင်ဇေယျရပ်ကွက်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် အင်းတော်မြို့၊ အောင်ဇေယျရပ်ကွက် ရေတွင်းကုန်း(အထက)ကျောင်း အနောက်လမ်းတွင် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် မသင်္ကာဖွယ် ဆိုင်ကယ် ၁ စီးအား စစ်ဆေးခဲ့ရာ မအေး(ခ) မစန်းစန်းဝင်း မောင်းနှင်လာသော ဆိုင်ကယ်ခွကြားတွင် အနီရောင်အစိမ်းပတ် ပလပ်စတင်ခြင်းအတွင်း အဝါရောင်ဆာလာအိတ်ဖြင့် ထုတ်လျက် အပြာရောင်ဆပ်ပြာခွက် ၃ ခွက်၊ အစိမ်းရောင်ဆပ်ပြာခွက် ၄ ခွက်၊ စုစုပေါင်း ၇ ခွက်အတွင်းမှ ၁ ခွက်လျှင် ၉ ဂရမ်ခန့်စီပါ ဘိန်းဖြူဟုယူဆရသော ဖြူ/ ဝါရောင်စပ်ကြားမှုန့် ၆၃ ဂရမ်၊ ၁ ဂရမ် ၎င်းလွယ်ထားသည့် မြင်းချေးရောင် ဂျင်းလွယ်အိတ်အတွင်းမှ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ကပ်ခွာအိတ်အတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ ပြားစီပါ ၂ အိတ်၊ ၂၀ ပြားပါ ၁ အိတ်၊ စုစုပေါင်း ၃ အိတ်အတွင်းမှ ဆေးပြား ၃၈၀ ပြား၊ ဆေးပြား ၁ ပြား ငွေစက္ကူရောရာ ၁၄၅၀၀၀ ကျပ်တို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
၎င်းဖမ်းဆီးရမိတရားခံအား လုံခြုံရေးအဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းခဲ့ရာ မူးယစ်ဆေးဝါးများအား အင်းတော်မြို့နယ်၊ နန့်ခင်ကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာမှ ဇော်ဦးထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် နေ့လယ် ၁ နာရီခန့်တွင် လုခြုံရေးအဖွဲ့ဝင်များမှ ဇော်ဦး၏နေအိမ်သို့ သွားရောက်ရှာဖွေ ခဲ့ရာ ဇော်ဦးအား နေအိမ်တွင် မတွေ့ရှိဘဲ ၎င်း၏ဇနီးဖြစ်သူ မြနန္ဒာ အား တွေ့ရှိရပြီး နေအိမ်အား ရှာဖွေခဲ့ရာ နေအိမ်အပေါ် ထပ်ရှိ ၎င်းတို့အိပ်ခန်းအတွင်း အိပ်ယာဘေးတွင် အနက်ရောက် ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်လျက် ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် တံဆိပ်မပါ ပန်းရောင်စိတ်ကြွဆေးပြား ၁ ထုပ်လျှင် ၁၀၀ ပြားစီပါ ၂ ထုပ်၊ ဆေးပြား ၂၀၀ ပြား၊ အနီရောင်အဖုံးပိတ် လျက် ရုပ်ပျိုစာတန်းပါ ကော်ဗူးအတွင်း ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါရောင် စပ်ကြားအမှုန့် ၃ ဂရမ်ပါ ကော်ဗူး ၁ ဗူး၊ လိမ္မော်ရောင်း အဖုံးပိတ်လျက်အဖြူရောင် ကော်ဗူးအတွင်း ဘိန်းဖြူ ၀.၀၁ ဂရမ်ပါ ကော်ဗူး ၁ ဗူး၊ အနက်ရောင် ကြွပ်ကြွပ် အိတ်ဖြင့် ထုတ်ထားသည့် ဘိန်းဖြူ ၉ ဂရမ်စီပါ အပြာရောင် ဆပ်ပြာ ခွက် ၆ ခွက်၊ အစိမ်းရောင်ဆပ်ပြာခွက် ၁၃ ခွက်၊ စုစုပေါင်း ၁၉ ခွက်၊ စုစုပေါင်း ၁၇၁ ဂရမ်၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၁၇၄.၀၁ ဂရမ်၊ ၁ ဂရမ်တို့အား ထပ်မံဖမ်းဆီး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။ ၎င်းဖမ်းဆီးရမိ တရားခံ ၂ ဦးအား ဉပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပြိး တရားခံပြေး ဇော်ဦးအား လုံခြုံရေးအဖွဲ့ဝင်များမှ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။