၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နိုင်ပွဲအများဆုံးနည်းပြအဖြစ် ဂွါဒီယိုလာထိပ်ဆုံး၌ ရပ်တည်နေ

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နိုင်ပွဲရရှိမှုရာခိုင်နှုန်းအများဆုံး နည်းပြများစာရင်း တွင် မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ထိပ်ဆုံး ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

အသက် ၅၂ နှစ်အရွယ် နည်းပြဂွါဒီယိုလာသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစတင်ပြီး ပရီးမီးယား လိဂ်ပြိုင်ပွဲတွင်     နိုင်ပွဲရရှိမှုရာခိုင်နှုန်းအများဆုံး နည်းပြစာရင်းတွင်    နည်းပြဂွါဒီယိုလာနောက်တွင်  မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က ၅၁၃ ပွဲ တွင် ၃၄၇ ပွဲ အနိုင်ရရှိပြီး သုည ဒသမ ၆၈ ရာခိုင် နှုန်း၊ လီဗာပူးအသင်းနည်းပြကလော့က ပွဲ ၂၈၀ တွင် ၁၇၆ ပွဲအနိုင်ရရှိပြီး သုည ဒသမ  ၆၃ ရာခိုင် နှုန်း၊ ချယ်လ်ဆီးအသင်းနည်းပြဟောင်းနှင့် စပါး အသင်းနည်းပြကွန်တီက ၁၂၈  ပွဲတွင် ၈၁  ပွဲအနိုင် ရရှိပြီး  သုည ဒသမ  ၆၃ ရာခိုင်နှုန်း၊  မန်စီးတီး အသင်း နည်းပြဟောင်းမန်စီနီက ၁၃၃ ပွဲတွင် ၈၂ ပွဲအနိုင်ရရှိပြီး  သုည ဒသမ  ၆၂  ရာခိုင်နှုန်းဖြင့်  ရပ်တည်လျက်ရှိပါတယ်။

ချယ်လ်ဆီးနှင့်မန်ယူအသင်း  နည်းပြဟောင်း   မော်ရင်ဟိုက  ၃၆၂ ပွဲတွင်  ၂၁၇ ပွဲ အနိုင်ရရှိပြီး သုညဒသမ ၆ ရာခိုင်နှုန်း၊ အာဆင်နယ်အသင်းနည်းပြဟောင်း အာဆင်ဝင်းဂါးက ၇၀၂ ပွဲတွင် ၄၀၅ ပွဲအနိုင်ရရှိပြီး သုည ဒသမ ၅၈ ရာခိုင် နှုန်း၊ လက်ရှိ အာဆင်နယ်အသင်းနည်းပြ အာတီ တာက ၁၁၈ ပွဲတွင် ၆၆ ပွဲအနိုင်ရရှိပြီး သုည ဒသမ ၅၆ ရာခိုင်နှုန်း၊ ချယ်လ်ဆီးအသင်းနည်းပြဟောင်း တူချယ်လ်က ၆၃ ပွဲတွင် ၃၅  ပွဲအနိုင်ရရှိပြီး  သုည ဒသမ  ၅၆  ရာခိုင်နှုန်း၊  ချယ်လ်ဆီးနှင့်အဲဗာတန် အသင်းနည်းပြဟောင်း  အန်ဆယ်လော့တီက ၁၃၄ ပွဲတွင် ၇၃ ပွဲအနိုင်ရရှိပြီး သုည ဒသမ ၅၄ ရာခိုင် နှုန်းဖြင့်  အသီးသီးရပ်တည်လျက်ရှိကြောင်း  သိရှိရပါတယ်။