ငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်‌ဆေးပြား ၇ ဒသမ ၈ သိန်း ဖမ်းဆီးရမိ


မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ သာစည် ဘက်သို မျိုးဝင်းအောင် မောင်းနှင်ပြီး မောင်ကျော်(ခ)ခွန်မောင်ကျော် လိုက်ပါလာသည့် HINO ၁၂ ဘီး မော်တော် ယာဉ်ကို ရှာဖွေခဲ့ကြရာ

ယင်းယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တောင်ကြီး မြိုနယ်၊ အေးသာယာမြို၊ အမှတ်(၄)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မြင့်လွင်(ခ)ကုလားလေး အားထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။