ကျိုင်းတုံမြို့နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေး

စက်တင်ဘာလ ၁၄ရက် ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိအမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတိုမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၃၄၀၁ ဦးတိုကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲက ကျောင်းများရှိ သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ သံတောင်ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၁၇ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၁၁ ပါးနှင့် ဒေသခံပြည်သူ ၁၁၂ ဦးတိုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲက မြို့ သာမဏေကျော်တောရ လယ်တီဝိပဿနာ ရိပ်သာ၌လည်းကောင်း၊

အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတိုနှင့် ပတ်သက်၍လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တိုဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ သွေးအုပ်စုများ စစ်ဆေးပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံများသို တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။