အဆင်ပြေအောင်ပဲ ရင်ဆိုင်ပါ

ကိုယ်ရောက်တဲ့နေရာမှာ
အဆင်ပြေအောင်နေခြင်းဟာလည်း
ရင့်ကျက်တဲ့ ပညာရပ်တစ်ခုပါပဲ ။

ဟုတ်တယ် ဘဝဆိုတာက
ကိုယ့်စိတ်တိုင်းကျ မဖြစ်နိုင်ပါဘူး ။

ကိုယ်ကအေးတာလိုချင်ပေမယ့်
ပူတာလည်း ရချင်ရတတ်ပါတယ် ။

ကိုယ်ကကောင်းတဲ့သူတွေနဲ့
ဆုံချင်ပေမယ့်လည်း ဆိုးတဲ့သူတွေနဲ့
ဆုံရတတ်ပါတယ် ။

ကိုယ်မမျှော်လင့်ထားတာတွေလည်း
ဖြစ်လာတတ်သလို

မျှော်လင့်ထားတာတွေလည်း
လွဲချော်လို့ သွားတတ်ပါတယ် ။

မသေချာမရေရာတဲ့
လောကဓံသုခဒုက္ခတွေနဲ့ပတ်သက်လို့

ချမ်းသာမလားဆင်းရဲသွားမလားဆိုပြီး
စိတ်ထဲမှာ သိပ်လေးမနေပါနဲ့ ။

ကိုယ်က ကောင်းနေပါလျက်လည်း
ဘဝအကျိုးပေးက ဆိုးနေတတ်သလို

ဆိုးနေပါလျက်နဲ့လည်း
ဘဝအကျိုးပေးကောင်းနေတတ်ပါတယ် ။

ဆိုးဆိုးကောင်းကောင်း
ဘယ်လိုပဲဖြစ်ဖြစ် ကြုံလာသမျှအာရုံကို
အဆင်ပြေအောင်ပဲ ရင်ဆိုင်လိုက်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏