မသန်စွမ်းပြည်သူတွေကို တတိယအကြိမ်အဖြစ် ဆန်နဲ့ ဆီများ ထောက်ပံ့

“လောက်ငှပြည့်စုံတဲ့ ကူညီမှု့မဆိုနိုင်ပေမဲ့ အကူအညီလိုအပ်မယ့် ညီအစ်ကိုမောင်နှမတွေ စားသောက်ရေး အဆင်ပြေစေ့ ကွက်လပ်ငယ် တစ်ခုကို တတ်စွမ်းသမျှ ဝင်ရောက်ဖြည့်ဆည်းပေးခြင်းဖြစ်ဟု ဦးခင်ရီပြော

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့/အနာက်)၊ အင်းစိန်၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံ့နယ်တွေက မသန်စွမ်းပြည်သူတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမမှာ စက်တင်ဘာ ၁၉ ရက်က တွေ့ဆုံပြီး ဆန်နဲ့ ဆီတွေ ထောက်ပံ့ပေးအပ်ခဲ့တယ် သိရပါတယ်။

အဆိုပါအခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီကိုယ်တိုင် တက်ရောက်ပြီး မသန်စွမ်းပြည်သူတွေအပါအဝင် အင်အား (၁၀၃၆)ဦးနဲ့ တွေ့ဆုံခဲ့တယ် ဆိုပါတယ်။