မန္တလေးယဉ်ကျေးမှုဇုန်အပါအဝင် ဇုန်သုံးဇုံတွင်ဝင်ကြေးတိုးကောက်မည်

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မန္တလေးယဉ်ကျေးမှုဇုန်အပါအဝင် အင်းဝ၊ ပင်းယယဉ်ကျေးမှု ဇုန်များတွင် နိုင်ငံခြားသားခရီးသွားဝင်ကြေးကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(မန္တလေးဌာနခွဲ)မှ သိရသည်။

အဆိုပါ ဝင်ကြေးတိုးမြှင့်ကောက်ခံခြင်းကို လာမည့်အောက်တိုဘာ (၁) ရက်မှစတင်ပြီး ကောက်ခံသွားမည်ဖြစ်ပြီး ယခင်က ငွေကျပ်တစ်သောင်းသတ်မှတ်ထားရာမှ ယခုတွင် ကျပ်တစ်သောင်းခွဲနှုန်းသို ပြောင်းလဲသတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။