၂၀၂၃ ခုနှစ်အတွက် MTV VMAs ဆုပေးပွဲမှာ တေလာဆွစ်ဖ် ရရှိခဲ့

နှစ်စဉ်နှစ်တိုင်း MTV ရုပ်သံလိုင်းကနေ ထူးချွန်သူတွေကို ဆုပေးအပ်ချီးမြှင့်တဲ့ MTV Video Music Awards (အတိုကောက်အနေနဲ့ VMAs လို လူသိများ) ရဲ့ ၂၀၂၃ ခုနှစ်အတွက်ကိုတော့ အင်္ဂါနေ့ (စက်တင်ဘာ ၁၂ ရက်) က နယူးယော့ခ့်က Prudential Center မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီပွဲမှာ ကမ္ဘာကျော် ပေါ့ပ်အဆိုရှင် တေလာဆွစ်ဖ်ဟာ ဆုကြီး ၃ ဆု အပါအဝင် စုစုပေါင်း ဆု ၉ ဆုကို ရရှိခဲ့ကာ တေလာဆွစ်အတွက် စံချိန်တင် အရေအတွက် ဖြစ်စေခဲ့ပါတယ်။

တေလာဆွစ်ဖ်နဲ့ပဲစတင်ကာ တေလာဆွစ်ဖ်နဲ့ပဲအဆုံးသတ်ခဲ့တဲ့ မနေ့ကပွဲမှာတော့ သူမက Anti Hero သီချင်းနဲ့ တစ်နှစ်တာအတွက် အကောင်းဆုံး ဗီဒီယိုဆု၊ သီချင်းဆု၊ အနုပညာရှင်ဆု အပါအဝင် ဆု ၉ ဆု ရရှိခဲ့ခြင်းဖြစ်ပါသည်။