မှော်ဘီမြို့ Grand Royal အရက်ချက်စက်ရုံမီးလောင်မှုဖြစ်ပွား

  မီးလောင်မှုအား Level အဆင့် ( ၃ )သတ်မှတ်၍မီးသတ် ယာဉ်(၆၀)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄၅၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ဦးတို့ဖြင့် မီးလောင် ကျွမ်းသည့် အရက်ချက်စက်ရုံသို့ရောက်ရှိ မီးငြှိမ်းသတ်လျက်ရှိပါသည်။

              မီးလောင်ကျွမ်းမှုကြောင့် စက်ရုံရှိ RF 96% အရက်ဆီဂါလန် (၅၀,၀၀၀)ဆံ့ Tank (၃)လုံး၊ RF 50% အရက်ဆီလီတာ (၂၀,၀၀၀)ဆံ့ Tank (၆)လုံးနှင့် ဂိုဒေါင်(၃)လုံးတို့ မီးလောင်ကျွမ်း လျက်ရှိပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးတို့တွင် ဒဏ်ရာအချို့ရရှိခဲ့သောကြောင့် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးဝါးကုသမှုခံယူလျက်ရှိပါသည်။