မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

သူများကိုတုပြီး မမိုက်ပါနဲ့

ကံဇာတ်ဆရာရဲ့ ချပေးရာဘ၀မှာ
စိတ်ချမ်းသာအောင်ထားပါ ။

မကင်းနိုင်တဲ့ ပတ်၀န်းကျင်မှာ
စိတ်ကောင်းနဲ့သာ နေထိုင်ပါ ။

သူများမကောင်းတိုင်းလည်း
အတုခိုးပြီးတော့ လိုက်မတုပါနဲ့
သူမကောင်းရင် ကိုယ်ကပိုကောင်းပါ ။

ကိုယ့်ရဲ့ သန်းရှင်းတဲ့လက်နဲ့
မသန့်ရှင်းတဲ့အညစ်ကြေးကိုကိုင်ပြီး
ပစ်လိုက်မယ်ဆိုရင်

သူများထိမထိတော့ မသေချာပေမယ့်
ကိုယ့်မှာတော့ ညစ်ပတ်ရပါတယ် ။

သူများရဲ့မကောင်းမှုဟာ
ကိုယ့်ဘ၀ကို လာမပတ်စေပါနဲ့ ။

သူပြုသူခံ ကိုယ်ပြုကိုယ်ခံရမှာမို့
ကိုယ်ပဲကောင်းနေဖို့ ကြိုးစားပါ။

အထက်လမ်းကို တက်ချင်ရင်
စိတ်ဓါတ်တွေ မြင့်မားဖို့ လိုသလို

အအေးဓါတ်ကို လိုချင်ရင်လည်း
ကိုယ့်ဘ၀အပူကို ရှောင်ဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏