မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အသက်တစ်ရာအတွင်းမှာ
လူ့ဘ၀ဇရပ်ပေါ် ဆုံနေကြတာပါ ။

မုန်းဖို့ကြိုးစားနေရတာနဲ့
ကိုယ့်ဘ၀အချိန်တွေမကုန်ပါစေနဲ့ ။

အဆိုးတွေကို သည်းခံပြီးတော့
ကံကောင်းခြင်းတရားတွေကို
များများစုဆောင်ပြုလုပ်ထားပါ ။

စိတ်ချမ်းသာမှုတွေ
များများဖြစ်ထွန်းအောင်ကြိုးစားပါ ။

စိတ်မကောင်းစရာတွေဆို
နားမယောင်မိအောင် နေထိုင်ပါ ။

သူများဘ၀တွေကို
ဒုက္ခမပေးမိအောင် ဆင်ခြင်ပါ ။

ကိုယ့်ရဲ့အပြစ်တွေကိုမြင်ပြီး
ကိုယ့်ဘ၀ကို စင်ကြယ်အောင်နေပါ ။

သူတော်ကောင်းတရားတွေနဲ့
သိနီးစပ်အောင် လေ့ကျင့်ယူထားပါ ။

မနေတတ်ရင် စိတ်ညစ်ရပေမယ့်
နေတတ်ရင် အသေမြတ်စရာမို့

ဘ၀ကို ကျေနပ်စရာရအောင်
အကောင်းတွေပြုရင်း အချိန်ကုန်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏