တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ငပုတော မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်ရှိ ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူ ၁၄၃၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရာတွင်

၁။ ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၄၂ ဦး၊

၂။ ခွဲစိတ်ရောဂါ ၆၉ ဦး၊

၃။ သားဖွား/ မီးယပ်ရောဂါ ၅၈ ဦး၊

၄။ ကလေးရောဂါ ၅၇ ဦး၊

၅။ အရိုးရောဂါ ၃၇၈ ဦး၊

၆။ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၂ ဦး၊

၇။ မျက်စိရောဂါ ၂၈၁ ဦးနှင့်

၈။ သွားနှင့်ခံတွင်းရောဂါ ၇၇ ဦး၊ စုစုပေါင်း ၁၄၃၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး

ခွဲစိတ်ကုသရန်လိုအပ်သူ

အထွေထွေခွဲစိတ်လူနာ ၉ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး

-ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊

-အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၅၈ ဦး၊

– ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၂၇ ဦးနှင့်

-ဓာတ်ခွဲစမ်းသပ်လူနာ ၅၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကု သရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။