Breaking News

ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက KIA/PDF အကြမ်းဖက်များက ‌အများပြည်သူ‌ နေထိုင်ရာနေရာသို့ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်မှုကြောင့် မြစ်ကြီးနား-မန္တလေးသွား ကားလမ်းမကြီးပေါ်ကျရောက်ပေါက်ကွဲကာ အနီးဝန်းကျင်တွင် နေထိုင်သူ ဒေသခံပြည်သူများပူပန်မှုများဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။
KIA/PDF အကြမ်းဖက်သမားများက အများပြည်သူ‌နေရာများသို့ ဦးတည်ပစ်ခတ်ခဲ့သော်လည်း အကြမ်း ဖက်အားပေး မီဒီညာများကမူ မြစ်ကြီးနားလေတပ်ဌာနချုပ်သို့ ပစ်ခတ်တိုက်ခိုက်ဟု ဖြစ်စဉ်လိမ်လည်ဖော်ပြနေကြကြောင်း၊ မြေပြင်တွင် လေတပ်ဌာနချုပ်အနီးသို့ပင် မကျရောက်ဘဲ အများ ပြည်သူသွားလာအသုံးပြုနေသည့် ကားလမ်းမပေါ်ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူများ သွားလာမှုနှောင့်နှေးကာ အကြမ်းဖက်သမားများ၏ အဆင်ခြင်မဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း မြေပြင်သတင်းအရသိရှိရပါတယ်။ #Crd