နိုင်ငံရေးနဲ့ မြန်မာ့ရုပ်ရှင်လောကကို ခုတုံးလုပ်နေတဲ့ ပြည်ဟိန်းသီဟ

နိုင်ငံရေးနဲ့ မြန်မာ့ရုပ်ရှင်လောကကို ခုတုံးလုပ်ပြီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟ

ပြည်ဟိန်းသီဟ ဆိုတဲ့လူကို ရုပ်ရှင်လောကမှာ မသိတဲ့သူ မရှိလောက်ဘူး လို့တော့ ထင်ပါတယ်။ ပြည်ဟိန်းသီဟ ဟာ ဒါရိုက်တာ ဦးကျော်စိုး ခေါ် ဘိတ်ကလာတဲ့ငံပြာရည်ရဲ့ မြေးဖြစ်ပြီး ဒါရိုက်တာ သီဟကျော်စိုးရဲ့တူ ဖြစ်ပါတယ်။ သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေကို ကြည့်လိုက်ရင်လည်း ဟာသဇာတ်ကားတွေနဲ့ ဟာသ ဇာတ်လမ်းတွဲတွေကိုပဲ အဓိကထားရိုက်ကူးခဲ့ပြီး ငွေရှာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

အခုတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ တစ်ယောက် အမေရိကန်နိုင်ငံကို ထွက်ပြေး ရောက်ရှိနေပြီလို့ သိရပါတယ်။ သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ သူ့ရဲ့ မိန်းမနဲ့ သား ၂ ဦးကိုလည်း ပြည်ပကို ခေါ်ထုတ်ထားပြီးပါပြီ။ ပြည်ဟိန်းသီဟ ဆိုတဲ့လူက အမေရိကန်လည်းရောက်ရော ဇာတိက ပြလာပါလေရော။ သူ့ကိုယ်ကျိုးအတွက် နိုင်ငံရေး ကို ခုတုံးလုပ်ပြီး သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို ပြသခွင့်ပိတ်ပစ်ဖို့ လှုံ့ဆော်တာတွေ ပြုလုပ်ခဲ့သလို မြန်မာ့ရုပ်ရှင်လောကကို နာမည်ပျက်အောင် တစ်ဖက်သတ် စွပ်စွဲပြောဆို ဝေဖန်တိုက်ခိုက်တာတွေနဲ့ နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီး အနုပညာရှင် တွေကို ပုတ်ခတ် စွပ်စွဲပြောဆို ဝေဖန်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာ အားလုံးသိပြီး ကြပြီဖြစ်မယ် ထင်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ NUG က ကျော်မိုးထွန်းနဲ့ ပြည်ပမှာ တွေ့ဆုံခဲ့ကြောင်းကိုလည်း ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြခဲ့ပြီး အဲဒီလို တွေ့ဆုံခဲ့ မှုကြောင့် နိုင်ငံတော်က သူ့ကို ပုဒ်မ ၅၀၅ နဲ့ တရားစွဲမယ်ဆိုပါကလည်း စွဲနိုင်ကြောင်း ဖော်ပြခဲ့ပါသေးတယ်။

အဲဒီလူက ဘာကြောင့် အဲဒီလိုတွေ ပြောဆိုလုပ်ကိုင်နေတာလဲဆိုတော့ သူနဲ့နီးစပ်သူ တွေရဲ့ ပြောပြချက်အရ အမေရိကန်နိုင်ငံမှာ မိသားစုလိုက် နိုင်ငံရေးခိုလှုံခွင့်ရအောင် အကြောင်းမရှိ အကြောင်းရှာပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ပြည်ဟိန်းသီဟ ဆိုတဲ့လူက အခုမှသာ သူ့ကိုယ်သူ တော်လှန်ရေး ဘက်တော်သားလိုလို၊ သူသိသူတတ်ဆရာကြီးလိုလို ဘာလိုလိုနဲ့ လူကြားကောင်းအောင် အသံကောင်း ဟစ်ပြ နေတာ။ အရင်တုန်းက တကယ့်ဘောမစစ်စစ် အကြီးစားကြီးဆိုတာ ရုပ်ရှင်လောက သားတိုင်း သိတယ်။ ရုပ်ရှင်လောကမှာ ထိပ်ဆုံးကနေ ဘောပြေးမတာ အဲဒီ ရိုက်စား ဒါရိုက်တာ ပြည်ဟိန်းသီဟ ဆိုတဲ့လူ ထိပ်ဆုံးကပဲ။

ပြောရမယ်ဆိုရင် အဲဒီ ခြံခုန်နွား ပြည်ဟိန်းသီဟ ဆိုတဲ့နွားက နိုင်ငံရေးကို ခုတုံးလုပ်၊ မြန်မာ့ရုပ်ရှင်လောကကို ခုတုံးလုပ်တိုက်ခိုက်ပြီး အခုလိုတွေ လူကြားကောင်းအောင် အသံကောင်းဟစ်ပြနေတယ်ဆိုတာက အမေရိကန်နိုင်ငံမှာ မိသားစုလိုက် နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

မင်းနိုင်