တပ်မတော်သားများရဲ့ ငပလီကမ်းခြေ အပန်းဖြေခရီးစဉ်

နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာတဲ့ တပ်မတော်သား အရာရှိ/စစ်သည်များ ဒုတိယအဖွဲ့သည် ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေသို့ တပ်မတော်လေယာဉ်၊ မော်တော်ယာဉ်များဖြင့်ပို့ဆောင်ပေးခဲ့ပါတယ်။ ငပလီကမ်းခြေသို့ သွားရောက်ခဲ့သည့် အဖွဲ့သည် ကမ်းခြေ၌ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက် ခြင်း၊ သဲသောင်ပြင်တွင် ဘောလုံးအားကစားများ ဆောင်ရွက်ခြင်း၊ နားယူ အပန်းဖြေ ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သံတွဲမြို့ရှိ မဒေးတောင်ဘုရား၊ ဆံတော်၊ အံတော်၊ နံတော်  ဘုရားများသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပုလဲကျွန်း၊ ပေါင်ဝန်တံတား၊ ငပလီဈေး၊ ငပလီကမ်းခြေများ စသည် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။

အချို့သောစစ်သည်များဟာ ပင်လယ်ကြီးကို တစ်ခါမှ မမြင်ဖူးသူတွေ၊ လေယာဉ်မစီးဖူးသူတွေဖြစ်တဲ့အတွက် စစ်သည်တွေရဲ့ကြည်နူးပီတီတွေဟာ ဘာနဲ့မှမလဲနိုင်ဘဲ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားဟာ ပြေစရာတောင်မလိုဘဲ မျက်နှာပေါ်မှာ အထင်းသားပေါ်နေတာကို တွေ့ရပါတယ်။

အရာရှိ၊ စစ်သည်များ အနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် ဒေသန္တရဗဟုသုတများကို လေ့လာခဲ့ကြပြီး ၎င်းတို့ အတွက် လွန်စွာအကျိုးရှိခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ အပန်းဖြေခရီးစဉ် သွားရောက်နိုင်ရေး စီစဉ်ပေးခဲ့သည့် တပ်မတော်အကြီးအကဲများကိုလည်း ကျေးဇူးအထူးတင်ရှိကာ စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိခဲ့ကြောင်း သိရှိရပါတယ်။