မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုဆောင်ရွက်ပေး

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ပြည်သူလူထုအား  ကျန်းမာရေး စောင့်ရှောက်မှုပေးရာ၌ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ကျင်းပမည်ဖြစ်ရာ အဆိုပါ နှီးနှောဖလှယ်ပွဲ၏ အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ် မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် နေပြည် တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါခွဲစိတ်ကုသမှုတွင် နေပြည်တော်နှင့် အနီးတစ်ဝိုက်ရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၂၂ ဦးအား အခမဲ့ခွဲစိတ်ကုသပေးခဲ့ပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာနှင့် မေးရိုးခွဲစိတ်ကုပညာဌာနမှ ပါမောက္ခဒေါက်တာလှမျိုးနိုင်နှင့် မေ့ဆေးပညာဌာနမှ ပါမောက္ခဒေါက်တာမြစိုးတို့ ဦးဆောင်သောအဖွဲ့၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ မေ့ဆေးအထူး ကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာနုနုမေ  ဦးဆောင်သောအဖွဲ့တို့နှင့်အတူ ဂျပန်နိုင်ငံ Japan Heart အဖွဲ့မှ မျက်နှာနှင့် မေးရိုး အထူးကုဆရာဝန်  Dr Naoko KISHI တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခွဲစိတ်ကုသမှုခံယူသော ကလေးများအားလုံး သည် ကျန်းမာရေးအခြေအနေကောင်းမွန် သဖြင့် မတ် ၆ ရက်တွင် ဆေးရုံမှ ဆင်းခွင့် ရရှိပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးပညာ ရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)၏ အကြို လှုပ်ရှားမှုအစီအစဉ်အဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၃ ရက်အတွင်း လူနာ ၃၂ ဦးကို အခမဲ့ခွဲစိတ် ကုသမှုဆောင်ရွက်ပေးခဲ့ကာ ပြည်သူ့ဆေးရုံ ကြီး မော်လမြိုင်မြို့တွင်   ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အတွင်း လူနာ ၃၀ ဦးအား အခမဲ့ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိပါတယ်။