မြိုင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များ တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးတယ်လို့ မြေလတ်အသံ မှ သတင်းအမှားရေး

ဇူလိုင် ၈ ရက် နေ့လယ် ၃ နာရီဝန်းကျင်လောက်မှာ မြိုင်မြို့၊ အရှေ့ဘက်စီမံကိန်းရုံးက လုံခြုံရေးတပ်ဖွဲ့များကို မိနစ် ၃၀ အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူတွေထဲမှာလည်း စစ်သား ၁ ဦး၊ ပျူစောထီး ၁ ဦး ပါဝင်ကာ PDF ရဲဘော် ၁ ဦးလည်း ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ မြေလတ်အသံ မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၈ ရက်နေ့၌ မြိုင်မြို့၊ စီမံကိန်းရုံးရှိ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့များမှ အဝေးနေရာကနေ ရမ်းသမ်းပစ်ခတ်ခြင်းဖြစ်ပြီး ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ မြေလတ်အသံ မှ PDF တွေ ရမ်းသမ်းပစ်ခတ်တာကို လူထင်ကြီးအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FactCheck