မူးယစ်သူပုန်တွေကို ပူးပေါင်းချေမှုန်းစို့

မူးယစ်ဆေးဝါးအဓိက ထုတ်လုပ်ရာနေရာတွေက “ဝ” နယ်မြေ၊ MNDAA ကိုးကန့်နယ်မြေ၊ KIA နယ်မြေ တွေမှာ အများဆုံးထုတ်လုပ်ပြီး AA, TNLA, SSA(ဝမ်ဟိုင်း), PDF စတဲ့ အဖွဲတွေကတစ်ဆင့် ဖြန့်ဖြူးရောင်းချ လျက်ရှိတယ်။ ၁၀၂၇ ဆိုတာလည်း မူးယစ်ဆေးဝါးတိုးမြှင့်ထုတ်ဖို ပိုမိုလုံခြံတဲ့နယ်မြေရလိုမှုအတွက် တိုက်ကြတာ။ အဲ့နယ်တွေမှာ စစ်တပ်မရှိတော့လို အခုဆို မူးယစ်ဆေးဝါးတွေကို စိတ်ကြိုက်ထုတ်ခွင့်ရနေပြီ။

အထက်ပါ သူပုန်တွေ EAOs တွေဆိုတာက တရုတ်က မြန်မာနိုင်ငံအပေါ်ထိန်းချုပ်နိုင်ဖို Buffer Zone လုပ်ထားပြီး တရုတ်မွေးထားတဲ့ သူပုန်အဖွဲတွေပဲဖြစ်တယ်။

အဲဒီသူပုန်တွေ မူးယစ်ဆေးဝါးထုတ်နေတာကို တရုတ်မသိဘူးဆိုတာတော့ လုံးဝ (လုံးဝ) မဖြစ်နိုင်ပါဘူး။ မူးယစ်ဆေးဝါးတွေက ဘယ်ကိုစီးဆင်းသွားသလဲဆိုရင် မြန်မာပြည်မတွေ၊ ရေလမ်းက တစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ အခြားဥရောပနိုင်ငံတွေကို ရောင်းဝယ်ဖောက်ကားပါတယ်။ အဲဒီမှာ ထူးဆန်းတာက တရုတ်နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ မသွင်းတာပါပဲ။

မြန်မာပြည်မှာ သက်ဆိုးရှည်နေတဲ့ သူပုန်တွေဆိုတာ မူးယစ်ဆေးဝါးထုတ်ပြီး ရပ်တည်နေကြရတာ။ ဒါကို သူ့နိုင်ငံထဲ မူးယစ်ဆေးဝါးတွေ ရောက်မလာလို၊ သူ့အကျိုးစီးပွား မထိခိုက်သေးလို မူးယစ်ဆေးဝါးထုတ်နေတဲ့ သူပုန်တွေကို တရုတ်က မသိချင်ယောင်နေတယ်။ သူ့အကျိုးစီးပွား ထိခိုက်လာတဲ့ ကျားဖြန့်လိုကိစ္စရပ်မျိုးကျတော့ အမြစ်ပြတ်မြေလှန်ပစ်တယ်။

မူးယစ်ဆေးဝါးဆိုတာ လူသားအားလုံးရဲ့ ရန်သူပါ။ ကျားဖြန့်ကို နှိမ်နင်းသလို မူးယစ်ရာဇာတွေကို တရုတ်က ဘာလို မနှိမ်နင်းတာလဲဆိုတာ စဉ်းစားစရာပါ။

ဆိုလိုချင်တာကတော့ တရုတ်မနှိမ်နင်းတဲ့ မူးယစ်ရာဇာတွေကို အမေရိကန်ကသာ မြန်မာအစိုးရနဲ့ပေါင်းပြီး နှိမ်နင်းလိုက်မယ်ဆိုရင်တော့ လူသားအားလုံးကို ကယ်တင်ရာရောက်သလို မြန်မာနိုင်ငံမှာလည်း သူပုန်ချုပ်ငြိမ်းပြီး ပြည်တွင်းစစ်ရပ်တန့်ကာ တိုင်းပြည်သာယာဝပြောလာပါလိမ့်မယ်လို ဆိုချင်ပါတယ်။

#Crd