ကင်းမွန်မီးထွန်းလှေတစ်စီးအား ကူညီကယ်ဆယ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ မြန်မာ့ပင်လယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှတပ်ဖွဲ့ဝင်များသည် မြိတ်မြို့၏ အနောက် တောင်ဘက် ရေမိုင် ၂၃ မိုင်ခန့် အကွာ၌ ရေကျင် အမည်ရှိ ကင်းမွန်မီးထွန်းလှေတစ်စီး ရေဝင်နစ်မြုပ်နေကြောင်းဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ သွားရောက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရေဝင်နစ်မြုပ်နေသော မတ်လ ၁၀ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် လှေပေါ်မှ လှေသား ၆ ဦးအား တွေ့ရှိခဲ့ပြီး အဆိုပါ လှေသား ၆ ဦးအား ရေယာဉ်ပေါ်သို့တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက် ဖွယ်ရာများထောက်ပံ့ ၍ လှေသားများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

PAN